



ဘလက်ဂျက် (ခေါ်) 21
ဘလက်ဂျက်ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ကာစီနို ဂိမ်းတစ်ခုဖြစ်ပြီး 21 လို့လဲ လူသိများပါတယ်။ ဒီဖဲဂိမ်းမှာတော့ ကံတရား အပေါ်မှာပဲ လုံး၀ ပုံအပ်ရတာမျိုးမဟုတ်ပဲ ဉာဏ်ကို လွှာသုံးပြီး နည်းဗျူဟာ (Strategy)ကျကျ ကစားတတ်ဖို့လဲ လိုအပ်ပါတယ်။ ဘလက်ဂျက်ရဲ့ သမိုင်းကြောင်းကို ပြောပြရမယ်ဆိုရင် ၁၇ရာစုနှစ်လောက်က ပြင်သစ်ကာစီနိုတွေမှာ စတင်ခဲ့တဲ့ “Vingt-et-Un” (Twenty-One) ဆိုတဲ့ ဂိမ်းကနေ ဆင်းသက်လာတယ်လို့ ယူဆရပါတယ်။ “Blackjack” ဆိုတဲ့ နာမည်ကတော့ ၁၉ ရာစု လောက်မှာ အမေရိကသို့ရောက်ရှိလာပြီး အထူးဆုကြေးငွေအဖြစ် ၁၀း၁ ပေးချေမှုကို ကမ်းလှမ်းခဲ့ရာ ဂျက်ကတ်နှင့် အေ့စ်ကတ် ပေါင်းဖြစ်သော ကဒ်ကို ရည်ညွန်းရာကနေ စတင်ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။
ဒါလေးကတော့ ဘလက်ဂျက် (Black Jack) / 21 ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းအကျဉ်းလေးပဲဖြစ်ပါတယ်။ ဒီ ဘလက်ဂျက် ဂိမ်းလေးကိုမှ ရောက်လေရာနေရာမှာ ဖုန်းလေးတစ်လုံးနဲ့ ပေါ့ပေါ့ပါးပါး ကစားချင်သူများအတွက် ရိုးရာကိုးမီး ဆိုတဲ့ အက်ပ်လေးမှာ ကစားလို့ရနေပါပြီနော်. . .။ အဲ့အက်ပ်လေးထဲမှာဆိုရင် မြန်မာ့ရိုးရာ အငွေ့အသက်တွေနဲ့ ရှမ်းကိုးမီး ၊ ဘူကြီး ၊ ၆ကောင်ဂျင် ၊ ဘလက်ဂျက် နဲ့ ဖောရက်ပါတီ ဂိမ်းတို့ကိုပါ ကစားနိုင်မှာဖြစ်ပါတယ်။
ဘလက်ဂျက် ကစားနည်းနှင့် အခြေခံ စည်းမျဉ်းများ
ဘလက်ဂျက်ကတော့ ဒိုင်နဲ့ ကစားသူနဲ့ ထိပ်တိုက် ယှဉ်ကစားရမှာဖြစ်ပါတယ်။ ကစားသူ လက်ထဲ ရှိတဲ့ ဖဲချပ် တွေရဲ့ ကဒ်တန်ဖိုး ပေါင်းခြင်းဟာ ၂၁ (သို့မဟုတ်) ၂၁ နှင့် အနီးစပ်ဆုံးဖြစ်ရပါမည်။ ၂၁ ထက် ကျော်လွန်သွားပါက Bust ဖြစ်ပြီး ရှုံးတယ်လို့ မှတ်ယူရပါမယ်။
ကတ်တန်ဖိုးများ –
- ACE အေ့စ် = 1 (သို့မဟုတ်) 11
- J/Q/K = 10
- အခြားကဒ်များ၏ တန်ဖိုးမှာ ကဒ်ပေါ်က အတိုင်းဖြစ်ပါသည်။
ကဲကဒ်တန်ဖိုးနဲ့ အခြေခံ စည်းမျဉ်းကို သိပြီဆိုတော့ ဘယ်လို ကစားရမလဲဆိုတာကို ဆက်ပြောပြပေးပါမယ်။ ပထမဦးဆုံး အဆင့်အနေနဲ့ ထိုးကြေးကို အရင်သတ်မှတ်ပြီး အရင်ထိုးရပါမယ်။ ပြီးရင်တော့ ဒိုင်ကနေပြီးတော့ ဖဲ ၂ ကဒ် စီ အရင်ဦးဆုံး ဝေပေးမှာဖြစ်ပါတယ်။ ဒိုင်ဘက်က ဖဲ၂ ချပ်မှာ ၁ ချပ်က ပြထားမှာဖြစ်ပြီး ၁ချပ်ကတော့ မှောက်ထားမှာဖြစ်ပါတယ်။ ပြီးရင်တော့ ကစားသူအလှည့်ရောက်ပါပြီ ကစားသူအနေနဲ့ မိမိလက်ထဲမှာ ရှိတဲ့ ကတ်တန်ဖိုးနဲ့ ဒိုင်မှာ ရှိတဲ့ ကဒ်တန်ဖိုးကို ယှဉ်ရမှာဖြစ်ပြီး အောက်ပါ ရွေးချယ်မှုများထဲမှာ တစ်ခုကို ဆက်လုပ်နိုင်ပါတယ်။
- Hit = နောက်ထပ် တစ်ကဒ် ထပ်ယူမယ်လို့ ဆိုလိုတာပါ။ (မှတ်ချက် အနေနဲ့ ၂၁ ထက်ကျော်သွားရင်တော့ Bust ဖြစ်သွားပြီး ရှုံးပါမယ်။
- Stand = လက်ရှိ ကတ်များဖြင့် ရပ်တန့်လိုက်ခြင်း။
- Double-Down = ထိုးကြေးပမာဏကို နှစ်ဆတိုးပြီး ကတ်၁ကတ်ထပ်ယူနိုင်ပါတယ်။
- Split = ကဒ် ၂ ကဒ်၏ ဂဏန်းတူနေလျှင် အိမ်ခွဲပြီး ၂အိမ်ခွဲကစားနိုင်ပါသည်။
- BlackJack = ပထမ ၂ကဒ်ဖြင့် တခါတည်း ၂၁ ကျလျှင် Black Jack ဖြစ်ပါပြီ။
ပြီးရင်တော့ ဒိုင်အလှည့်ပြန်လာပါတယ်။ ဒီအခြေအနေမှာတော့ ဒိုင်ဘက်က မှောက်ထားတဲ့ ဖဲတစ်ချပ်ကို လှန်ပြပြီး ဒိုင်ဖဲရဲ့ တန်ဖိုး စုစုပေါင်းသည် ၁၆ သို့မဟုတ် အဲ့ထက်နည်းနေပါက နောက်တစ်ကဒ် ထပ်ယူပါတယ်။ ၁၇ သို့မဟုတ် အဲ့ထက်ပိုရင်တော့ ဒိုင်ဘက်က stand ဖြစ်ပါတယ်။
ဘလက်ဂျက် ဂိမ်းဟာ ကမ္ဘာပေါ်မှာနိုင်ငံအများစုမှာ လူကြိုက်အများဆုံး ကစားနည်းတစ်ခုပါပဲ။အခုလို တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ ဒီလို ဂိမ်းတွေကို ကာစီနိုရုံကြီးတွေအထိ သွားနေစရာမလိုပဲ ကိုယ့်အိမ်ကနေ ဖုန်းလေးတစ်လုံးနဲ့ အေးဆေး သာသာ ယာယာ ကစားနိုင်တဲ့ အခြေအနေကြီးကိုရောက်နေပါပြီ။ အဲ့လို အေးအေးဆေးဆေး ကစားဖို့အတွက်ဆိုရင်တော့ ဖုန်းထဲမှာ ရိုးရာကိုးမီး ဆိုတဲ့ အက်ပ်လေး ရှိထားလိုအပ်ပါတယ်နော်။